ချင်းပြည်နယ်၊မင်းတပ်မြို့၊စည်ပင်သာယာဈေးအတွင်းရှိ အများသုံးအိမ်သာများမှာ ပျက်စီးနေ သဖြင့် ထပ်မံသုံးစွဲရန် မသင့်တော်တော့သောကြောင့် အိမ်သာတံခါးများကို သံရိုက်အသေ ပိတ်ထားကြောင်း သိရှိရပါသည်။
ဈေးအတွင်းရှိပြည်သူများမှာ ကျင်ကြီး၊ကျင်ငယ် ကိစ္စများ ဖြေရှင်းရန် အိမ်သာ မရှိသောကြောင့် ကြီးစွာသောဒုက္ခနှင့်ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့်ဈေးအတွင်းရှိပြည်သူများသည် နီးစပ်ရာနေရာများ တွင်အဆင်ပြေသလို အပေါ့အလေးများ စွန့်ပစ် နေကြရပြီး ကလေးများကမူ အိမ်သာပတ်ပတ် လည်တွင် အလေးများကို စွန့်ပစ်နေကြပါသည်။ထိုအခြေအနေများကြောင့် ဈေးသူ၊ဈေးသားများနှင့်ဈေးဝယ်သူများ
လေကောင်းလေသန့် မရခြင်း၊ယင်ကောင်များ ပေါများခြင်း၊အိမ်သာသည် ဈေး၏ အမြင့်ပိုင်းတွင် တည်ရှိ သောကြောင့် မိုးရွာ ချိန်များတွင် အညစ်အကြေး များမိုးရေနှင့်အတူ ဈေးအတွင်းသို့ မျောပါလာ ခြင်း စသောပြသ၁နာများနှင့် ရင်ဆိုင်နေကြရပါသည်။
ထိုအခက်အခဲ ပြသ၁နာများနှင့်ရင်ဆိုင်နေရသည်မှာ ၂၀၁၁ ခုနှစ် မှစကာ ယနေ့အချိန်ကာလ အထိ ဈေးအိမ်သာများကို သုံးစွဲခွင့်မပြုပဲ ပိတ်ထားကြောင်း သိရှိရပါသည်။အိမ်သာသည် ပြည်သူများ၏ ကျန်းမာရေးအတွက် အဓိက ကျပါသည်။ဈေးသည်လည်း အများပြည်သူနှင့် ထိတွေ့ ဆက်ဆံ ရသော နေရာ ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာဌာန နှင့် တာဝန်ရှိ သူများမှ မင်းတပ်မြို့စည်ပင်သာယာ ဈေးအတွင်းရှိ အများသုံးအိမ်သာများကို အမြန်ဆုံး အသစ်ပြန်လည် တည်ဆောက် ပြုပြင်ပေးပါရန် ဈေးသူ၊ဈေးသားများ နှင့် ပြည်သူများမှ လိုလားလျက်ရှိကြောင်း သိရှိရပါ သည်။
ရှယ်သာအောင်

No comments:
Post a Comment