Wednesday, September 19, 2012

လက်တွေ့လုပ်

ပြည့်အရေး ခေတ်အရေး
ကိုယ့်အတွေး သူ့အတွေး
ဟိုရေး ဒီရေး
ူသူပြောကိုယ်ပြောနဲ့
တသောသောကတော့ အကောင်းဆုံးတွေပါပဲ.......

တတွေးထဲတွေးနေရင်တော့ အတွေးသမားပဲဖြစ်မယ်။
တရေးထဲရေးနေရင်လဲ အရေးသမားပဲဖြစ်မယ်။
တပြောထဲပြောနေရင်လဲ အပြောသမားပဲဖြစ်နေမယ်။

ဒီတော့....တိုင်းပြည်ကောင်းစားရေး
ကိုယ့်အတွေး သူ့အတွေး
ဟိုရေး ဒီရေး
သူပြောကိုယ်ပြော
အကုန်ချောစေဖို့
အတွေးသမား အရေးသမား
အပြောသမားတွေ အကုန်စု
ညီညွတ်ခြင်းနဲ့ဦးတည်ရာ
လမ်းမှန်ဆီအရောက်လှမ်းဖို့
လက်တွေ့ လုပ်လို့ သွားကြစို့။

                         ဖေသာအောင်(၁၆.၁.၂၀၁၂)

No comments:

Post a Comment