၂၀၁၂ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ ခန့်တွင် ကမ်းမဖြူ ဘက်ကမ်းမှ ပေါက်ဘက် ကမ်းသို့ လှေဖြင့် ခရီးသည်များအား ပို့ဆောင်ပေးရာ ၄င်း လှေပေါ်တွင် ခရီးသည် ၁၄ ဦးနှင့် ဆိုင်ကယ် ၇ စီးကို တင်ဆောင် ပြီးဖြတ်ကူးစဉ် တိမ်းမှောက်သွားကြောင်း သတင်းရရှိသည်။
အဆိုပါလှေတိမ်းမှောက်မှုတွင် ယနေ့အထိအမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး ဆိုင်ကယ် ၃ စီး တို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီး တစ်ဦး အလောင်းကိုလဲ ဆယ်ယူရရှိခဲ့သည်။ကျန်ငါးဦးကိုမူ ဆက်လက်ရှာဖွေဆဲဖြစ်သည်ဟု ပေါက်မြို့နယ် ရဲတပ်ဖွဲ့မူးရုံးမှ သတင်းရရှိသည်။
၎င်းကမ်းမဖြူချောင်းသည်မိုးရာသီကာလများတွင် ချောင်း၏အနောက်ဘက်ကမ်းရှိ ပေါက်နယ်၊ ယောနယ် နှင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် မတူပီမြို့နယ်များမှ ခရီးသွားပြည်သူတို့အတွက် အဟန့်အတားကြီး တစ်ခုဖြစ်ပါသည်။န၀တ အစိုးရလက်ထက်တွင် ၄င်းချောင်းအနီး အုန်းတော တံတားအား တည်ဆောက် ပေးခဲ့ရာ ရာသီမရွေး ခရီးသွားလာရေးလွယ်ကူခဲ့ပါသည်။၂၀၁၀ ခုနှစ်မိုးရာသီတွင် ချောင်းရေ ကြီးပြီး အုန်းတော တံတား ပျက်စီး ခဲ့ရာ ယခု အချိန်အထိ ပြန်လည်ပြုပြင် ခြင်းမရှိသေးသဖြင့် ကမ်းမဖြူချောင်းအား အန္တရာယ်ကြီးစွာ လှေငယ်များဖြင့်သာဖြတ်ကူးနေရပါသည်။ထိုသို့လှေငယ်များဖြင့်ဖြတ်ကူးရာတွင် လှေငယ်များ မကြာခဏ တိမ်းမှောက်ခြင်း၊ရေကျစဉ် လမ်းလျှောက်ဖြတ်ကူးသူများ ရုတ်တရက် တောင်ကျချောင်းရေကြီးလာသဖြင့် မျှောပါသွားခြင်း များကို နှစ်စဉ် ကြုံကြရပါသည်။
ထို့ကြောင့် ကမ်းမဖြူချောင်းအား ဖြတ်သန်းသွားလာနေရသော ခရီးသွားပြည်သူများ ထိုအန္တရယ်မှ ကင်းဝေးစွာ ခရီးသွားလာနိုင်ရေးအတွက် ယခင်ပျက်စီးသွားခဲ့သော အုန်းတော တံတားအား တာဝန်ရှိသူများမှ အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ပေး ရန်ခရီးသွားမိဘ ပြည်သူများ မှ လိုလားလျက်ရှိကြောင်းသတင်းရရှိသည်။
ဖေသာအောင်
No comments:
Post a Comment